Friday, February 26, 2010
ပါရာဇိကဟူသည် ဘုရားသားတော်ရဟန်းတော်များအတွက် ဗုဒ္ဓြွဘုရားရှင် ထားခဲ့ သော အပြင်းထန်ဆုံးသောပညတ်ချက် သို့မဟုတ် ဘုရားဥပဒေပုဒ်မတော်ကြီးများဖြစ်ပေ သည်။ ပါရာဇိကကံကိုကျူးလွန်မိသောရဟန်းတော်သည် ရဟန်းအသွင်ကိုယူထားသော် လည်းရဟန်းသံဃာမမည်တော့။ အလိုအလျောက်သာသနာ့အခွင့်အရေးများကို ဆုံးရှုံး သွားပြီးဖြစ်သည်။ ယခုဘဝတွင် မည်သို့သောထေရ်ကြီးဝါကြီးများနှင့် သီလသိက္ခာပြန်လည် ထပ်စေကာမူ မည်သည့်သိမ်တော်မြတ်တွင်ပင် ရဟန်းပြုစေကာမူ မြင့်မြတ်သောဘုရား သားတော်အဖြစ်ကို မရရှိနိုင်တော့ပေ။

အလားတူနိုင်ငံရေးလောကတွင်လည်း ပြည်သူကိုကတိများစွာပေးပြီးမှ ပြည်သူကို ကျောခိုင်းကာ ရန်သူ့အလိုကျ သို့မဟုတ် အများပြည်သူကိုခုတုံးလုပ်ကာ ကိုယ်ကျိုးရှာသူ များသည် နိုင်ငံရေးအရပါရာဇိကကျသူထားသူများသာမည်ပေသည်။ ကျနော်တို့တိုင်းပြည် တွင် အနှစ်၂ဝအတွင်းတွင် ပါရာဇိကကျသူများမနည်းတော့။ ပါရာဇိကကျထားသူများက ပင် နိုင်ငံရေးသူတော်စင်များသဖွယ် နှုတ်ဖြင့်တမျိုး အပြုအမူဖြင့်တသွယ် စာပေဖြင့်တတန် ကက်ကက်လန်စွာတာတေးနေကြသည်မှာလည်း မကြားချင်မမြင်ချင်အဆုံး မြင်တွေ့ကြား သိနေရသည်။ သူတို့သည်ကိုယ့်အနာကိုယ်ဖုံးလို၍ ရှက်ရမ်းရမ်းကာ ဆိုက်ကားဘီးပေါက် သံကို အမြောက်သံထင်၍ယောင်ရမ်းအော်လေသလား။ သေချာသည်ကတော့ အရောင် အသွေးတူသူချင်း အစွယ်သံပေးကြခြင်းမျှသာ။
တိုင်းပြည်နှင့်လူမျိုးအတွက် ယုံကြည်ချက်ကိုအမြင့်ဆုံးနေရာ၌ထားသူများအဖို့ကား ထိုသို့မဟုတ်ကြ။ တိုင်းပြည်ကိုဖျက်ဆီးနေသော စစ်အာဏာရှင်စနစ်ဆိုးကို မည်သို့ဖယ်ရှား ပစ်ရမည်နည်း။ ငါသည်ထိုအရေးတွင်မည်သည့်အခန်းကဏ္ဍမှ စွမ်းဆောင်ပါဝင်နိုင်မည်နည်း ဟုအစဉ်သဖြင့်တွေးတောကြံဆနေလေ့ရှိသည်။ သူထမ်းနိုင်သည့်ဝန်ကို သူ့ပခုံးပေါ်တွင် သူ့ ဖာသာသူတင်ကာ ယုံကြည်ရာပန်းတိုင်သို့ မရောက်အရောက်လှမ်းနိုင်ဖို့ စက္ကန့်တိုင်းတွင် အားထုတ်နေလေ့ရှိသည်။ ကျနော်တွေ့ဖူးသော နိုင်ငံရေးသမားအချို့ကိုသတိရမိသည်။ ဦး စောနိုင်းနိုင်း။ သူကား ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်သည်။ သူသည် ၁၉၉ဝခုနှစ်ကတကြိမ် စစ်အာဏာရှင်က မတရားသောဥပဒေများဖြင့် ဆယ်နှစ်အပြစ်ပေးခဲ့သည်။ ထောင်မှပြန်လည်လွတ်မြောက်လာပြီးနောက် သက္ကရာဇ်၂ဝဝဝ တွင်တကြိမ်ပြန်လည်ဖမ်းဆီးကာ ၂၁နှစ်ထောင်ဒဏ်ချမှတ်ခြင်းကို ခံနေရသည်။ နိုင်ငံရေး လုပ်၍ ဒေါ်လာစားရမည်ကိုအပထား မိသားစုစီးပွါးရေးအားလုံးကို ကပ်ကျေးနှင့်ဖြတ်သလို တစစီအဖြတ်ခံရသည်။ သားသမီးပညာရေးတက်လမ်းအားလုံးကို အညွန့်ချိုးခံရသည်။ သူက ကျနော့ကိုထောင်တွင်း၌ပြောပြဖူးခဲ့သည်မှာ “ဆရာဌေးဝင်း ဦးဟာပညာတတ်လည်း ဖြစ်ခဲ့ပြီ။ အရာရှိလည်းဖြစ်ခဲ့ပြီ။ သူဌေးလည်းဖြစ်ခဲ့ပြီ။ ဒါပေမဲ့အဲဒါတွေဟာ ဦးအဖြစ်ချင်ဆုံး အလုပ်ချင် ဆုံးအရာတွေမဟုတ်ခဲ့ဘူးကွဆရာဌေးဝင်းရ။ အခုဦးလုပ်နေတဲ့အရာဟာ တိုင်း ပြည်နဲ့လူမျိုးတခုလုံးရဲ့အရေးဖြစ်တယ်။ ဒါဟာ ငါအလုပ်ချင်ဆုံးအရာဖြစ်တယ်။ ဒီအတွက် ဘယ်လိုအနေအထားမှာဘဲဖြစ်ဖြစ် ဦးတို့ရင်ဆိုင်ကျော်ဖြတ်သွားမယ်။ မြန်မာနိုင်ငံမှာ ဒီမို ကရေစီစနစ်မလွဲမသွေထွန်းကားရမယ်ဆိုတာကို ဦးလုံးဝယုံကြည်တယ်ကွာ။ ဒီအတွက် တော့ပေးဆပ်ကြရမှာပေါ့ စွန့်လွှတ်ကြရမှာပေါ့။ တန်ဖိုးအကြီးကြီးပေးဆပ်ရတယ်ဆိုတာ ဦးတို့လိုချင်တဲ့အရာက အလွန်အဖိုးတန်နေလို့ဘဲမှတ်ပါ” ဟုဖြစ်သည်။ ဤစကားကို အင်း စိန်ထောင် တိုက်အမှတ်လေး(ရှည်)တွင် ပြောပြခဲ့ခြင်းဖြစ်သည်။ ၂ဝဝ၂ခုနှစ်ကုန်ခန့်ကဖြစ် ၏။ ယင်းစကားကိုပြောပြနေစဉ်တွင် အပြင်ဘက်၌သူအလွန်ချစ်သောသမီးငယ်သည် ပါရဂူ ဘွဲ့ကိုတက်ရောက်သင်ကြားရန် ဆန္ဒပြင်းပြနေသောအချိန်လည်းဖြစ်သည်။ သို့သော် စစ်အ စိုးရက နင့်အဖေနအဖကိုအာမခံတော့ဘဲ နိုင်ငံရေးမလုပ်တော့ပါဘူးဟု လက်မှတ်ထိုးမှသာ နိုင်ငံခြားသွားခွင့်ပေးမည်ဟု အကြပ်ကိုင်နေသည့်ကာလဖြစ်သည်။ နိုင်ငံရေးသမားကြီးကား ချစ်သမီးအလိုထက်တိုင်းပြည်မျက်နှာကိုကြည့်ခဲ့လေသည်။ အလားတူ ဖျာပုံနီလုံဦးဆိုသော ကဗျာဆရာကြီးသည်လည်း ထိုနည်းတူအဖြစ်မျိုးကိုထောင်တွင်းတွင်ကြုံတွေ့ခဲ့ရဖူးသည်။ သမီးဖြစ်သူသည် မြန်မာစာပါရဂူဘွဲ့တန်းကိုတက်ရောက်ရန် အခွင့်အလမ်းကိုရရှိခဲ့သည်။ သို့သော်ဖခင်ကနိုင်ငံရေးသမားဖြစ်နေ၍ နင့်အဖေနိုင်ငံရေးကိုစွန့်လွှတ်မှသာ ယင်းအတန်း ကိုတက်ခွင့်ရမည်ဟု ပညာရေးအာဏာပိုင်များကဆို၍ ဖခင်အားထောင်သို့လာကာ နိုင်ငံ ရေးကိုစွန့်၍ သူမပါရဂူတက်ခွင့်ရရေးကိုကူညီရန် သူမ၏ဖခင်ထံတွင်တောင်းဆိုခဲ့သည်။ နိုင်ငံရေးသမားကြီးကား ချစ်သမီးတမျက်နှာထက် တနိုင်ငံလုံးမှသမီးများအတွက် ပြည်သူ များအတွက် အင်းစိန်ထောင်ကငရဲခန်းတွင် ဆက်လက်နေထိုင်ခဲ့သည်။ အာဏာ အသပြာ ဘာတခုမှရစရာမရှိသည့်အပြင် ရှိတာအားလုံးပြောင်၍ သားသမီးမျိုးဆက်များကိုပင် အညွန့်ချိုးခံထားရသော်လည်း မိမိယုံကြည်ရာကိုလျှောက်လှမ်းနေကြသော တိုင်းပြည်၏ သားကောင်းရတနာ သမီးကောင်းရတနာ နိုင်ငံရေးသမားကြီးများကား တိုင်းပြည်ကြီး၏ အနာဂတ်ကောင်းစားရေးကိုသာ တွေးနေကြ၏။
နိုင်ငံရေးပါရာဇိကသင့်ထားသူများကား ထိုသို့မဟုတ်။ ဖုံးရင်းပေါ်ဆိုသလို သူတပါး ကိုကဲ့ရဲ့သင်္ဂြိုဟ်အပြစ်ဆိုရင်း အချင်းချင်းပုဂ္ဂလိက အာဃာတများကိုမီးမွှေးသလိုမွှေးကာ ရန်ပွါးလျှက်ရှိ၏။ ကိုယ့်ကိုယ်ကိုသိဒ္ဓြွိတင်ရင်း နိုင်ငံရေးအရေကျွတ်ကာ ငါးစိမ်းတန်းကို ရောက်မှန်းမသိရောက်သွားကြလေ၏။ တကယ်ဖြစ်သင့်သည်က ကိုယ်စွမ်းနိုင်သမျှလုပ်ရန် သာ။ အမှန်တကယ်အလုပ်လုပ်နေသူအဖို့ အလုပ်မလုပ်သူများကဲ့သို့ ရန်ဖြစ်နေဖို့ အချိန် မရှိပါ။ သူ့မူ၊ သူပန်းတိုင် ရှိပြီးသားဖြစ်၍ ယင်းမူ၊ယင်းပန်းတိုင်များသည် ပြည်သူကိုအမှန် တကယ် အကျိုးပြုမည်ဆိုက အောင်ပွဲဆင်မည်မှာသေချာသည်။ စာရွက်ပေါ်တွင် ရည် မှန်းချက် စကား လုံးကြီးကြီးကိုရေးပြီး စကားလုံးများသယ်ဆောင်ရာနောက်ကို လူကမလိုက်နိုင်ဘဲ စကားလုံးပိနေသောသူများကား ကိုယ့်သေတွင်းကိုယ်တူးနေသူများ သို့မဟုတ် ဆွမ်းဆန်ထဲကကြွက်ချေးများသာဖြစ်နေမည်ဟု ဆိုချင်သည်။

Ref: http://arakannews.blogspot.com/

0 comments:

Post a Comment

Post a Comment