Friday, February 26, 2010
သမိုင်းကိုသိလို့ဒေBLOGကိုရေးတာမဟုတ်ပါ။စာအုပ်တွေဖတ်ရင်းသိလာတဲ့ အကြောင်းရာများကိုတစ်ခြားသူတွေသိပါစေဆိုတဲ့ဆန္ဒတစ်ခုထဲကြောင့်သာဖြစ်ပါတယ် ။
မှားယွင်းမှုများပါခဲ့လျှင်နားလည်ပေးကြပါလို့ ။ ။
BLOGရေးဖို့အားယူနေတာကြာပါပြီ။စာမေးပွဲတွေရှိနေတာကြောင့်မရေးဖြစ်ပြန်၊စာမေးပွဲပြီးတော့လဲ ချစ်လှစွာသော သူငယ်ချင်းတွေ ပြန်ရောက်နေတာကြောင့် သူတို့ကို အချိန်ပေးနေရတာက တစ်ကြောင်း ၊ရေးပြီးသွားတော့လဲ Internet Connection ကြောင့်BLOG ပေါ်မရောက်နိုင် စသောအကြောင်းအမျိုးမျိုးတွေကြောင့် မရေးဖြစ်တာ ခုမှဘဲ BLOG တင်တဲ့ အစီစဉ် ရောက်တော့ပါတယ်။
BLOG ရေးဖို့ စဉ်းစားလိုက်တဲ့အချိန်မှာ ဘာအကြောင်းရာရေးရမလဲဆိုတာ တွေးရင်းလဲတော်တော်အချိန်ကြာသွားပါတယ်။AMP မှာBLOG မရေးတော့ဘူးလားလို့ မေးလာတဲ့ သူတွေကိုလဲကျေးဇူးတင်ပါတယ်။BLOG ကို ဖတ်ပြီးထပ်ရေးပါလို့ တိုက်တွန်းတဲ့သူတွေကိုရော်၊BLOG ၀င်ဖတ်တဲ့သူတွေကိုရော် နောက်ထပ်BLOG များများရေးနိုင်အောင် ပိုကြိုးစားပါမယ်။ဒီတစ်ခါရေးတဲ့ အကြောင်းအရာက တော့
ကျောက်ဖြူမြို့ အကြောင်းပါ။ကံကော်တော် ဘုရားသမိုင်းထဲမှာပါတဲ့ကျောက်ဖြူမြို့အကြောင်းကို copy ယူပြီးဖော်ပြလိုက်ပါတယ် ။ ။
“(ကုံရာသီတပို့တွဲ၊ ရထားပွဲလားကတ်မေ၊သူငယ်ချင်း ယောက်မရို့ နဲ့…ဖော်ချင်းညှိဂတ်တေ/ဖော်ချင်းညှိပါ ရေ…)

ရွှေလပြောင်ပြောင်၊အာကောင်ရောင်၊ကြယ်ရောင်နက©တ်မာဃလေ၊ထိန်ထိန်ပလို့ ၊သာစွလေ။အသူလှရေ ငါလှရေ၊ဆင်ကာယင်ကာ လိုကလိုက်ပြင်လို့၊တပို့တွဲရထားပွဲ ဂုချိန်လေ”

ဆိုတဲ့သီချင်းကို ရခိုင်တစ်မျိုးသားလုံးသိကြတဲ့ သီချင်းတစ်ပုဒ်ပါ…owl တို့ခလေးဘ၀တုန်း က owlတို့ကျောင်းက အမြဲ ကတဲ့ ပင်တိုင် သီချင်းတစ်ပုဒ်လဲဖြစ်ပါတယ်…မြို့မကျောင်းထွက် ကျောင်းသူတော်တော်များများ ကဖူးတဲ့ သီချင်းတစ်ပုဒ်ပါ…( owl မပါဘူး … မကတက်လို့ ..:PPPP)
ဒီသီချင်းကိုရေးစပ်သူကတော့ကျောက်ဖြူမြို့မှဆရာကြီးဦးလုံးဖြစ်ပါတယ်။ဆရာကြီး၏ရထားပွဲအကြောင်းကိုအနုပညာရသမြောက်
အောင်သီကုံးရေးစပ်ထားသည်ကိုနားထောင်ရသည်မှာစိတ်ထဲရင်ထဲတွင်မိမိတို့၏ရိုးရာရထားပွဲကိုအောက်မေ့တမ်းတစိတ်များဖြစ်ပေါ်မိတယ်။ဆရာကြီး ဦးလုံး၏
“ရထားပန်းယိုင်” ရခိုင်ရိုးရာယိမ်းအကသည် သဘာဝကျကာ နားထောင်သူတို့အား ပါဝင်ကာ ဆွဲနေသလို မြင်ယောင်လာစေပါတယ်။ဆရာကြီး၏ ကျေးဇူးကားမေ့ဖွယ်ရာ မရှိနိုင်တော့ပါ။

“ ဗြိန်း…ဗြိန်း…စောင်…စောင်…ဗြိန်း…စောင်…စောင် “
ရခိုင်မင်္ဂလာစည်တော်ကို တီးခတ်ရ်ူထွက်ပေါ်လာသည့်အသံကရခိုင်တို့၏နှလုံးသားကိုလှုပ်ကိုင်နိုင်စွမ်းရှိပြီး ယင်းသို့စည်တော်သံတစ်လွင်လွင်ဖြင့် နှစ်စဉ်ကျင်းပလာခဲ့သည့် ရခိုင်ပြည်နယ်နေ့မှာလည်း၂၀၀၈ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်ဆိုလျှင် ၃၄ နှစ်မြောက်သို့ရောက်ရှိ တော့မည်ဖြစ်ပါသည်။
ရီးသားသူ- သားရွှေဦး (Weekly Eleven10-12.09)
အမေး။ ။Buddha ဘာသာဝင်တို့သည် သက်သတ်လွတ်သာစားသုံးသင့်သည်ဟုဆိုသင့် ပါသလား။


အဖြေ။ ။ထိုသို့မဆိုသင့်ပါ။Buddha ကိုယ်တိုင်သည်ပင်လျှင် သက်သတ်လွတ်မှီဝဲသူမဟုတ်ခဲ့ပါ။ Buddhaသည်သူဧ။်တပည့်များအားသက်သက်လွတ်စားသုံးရန်ညွှန်ကြားသင်ပြခြင်းမပြုခဲ့ပါ။မျက်မှောက်ကာလာတွင်လည်းသက်သက်လွတ်စားသုံးသူမဟုတ်သော်လည်းကောင်းမွန်မြင့်မြတ်သော် Buddha ဘာသာဝင်များစွာရှိနေပါသည်။

အမေး။ ။အသားကိုစားနေပါလျှင်ထိုသတ္တ၀ါသေဆုံးဖိုကအတွက် စားသုံးသူတွင် သွယ်ဝိုက်သောနည်းအားဖြင့်တာဝန်မရှိဘူးလား။တာဝန်ရှိနေပါလျှင် သူ့အသက်သတ်ခြင်းမှရှောင်ပါ၏ ဟူသောပထမဆုံးသောသီလကို ချိုးဖောက်ရာမရောက်ဘူးလား။

အဖြေ။ ။သင်သည်အသားစားသောအခါထိုသတ္တ၀ါ၏သေမှုတွင် သွယ်ဝိုက်သောနည်းအားဖြင့် လည်းကောင်း၊တစ်စိတ်တစ်ဒေသအားဖြင့်လည်းကောင်း သင့်တွင်တာဝန်ရှိသည် ဆို သည်မှာ မှန်ပါသည်။အသားစားမှသာ မဟုတ်ပါ။အသီးအရွက်ကို စားသည့်အခါတွင်လည်းစားသူသည်သတ္တ၀ါများသေဆုံးမှုအတွက် သွယ်ဝိုက်သောနည်းဖြင့်တာဝန်ရှိနေပါသည်။စိုက်ပျိုးေ၇း သမားတို့ သည် အသီးအရွက် ပိုးမွှားအန္တရာယ်မှကာကွယ်ရန် အတွက် ပိုးသတ်ဆေးများ ကို ပတ်ဖျန်းရပါသည်။လူတို့ အသုံး ပြု သော ဖိနပ်၊ ခါးပတ် ၊လက်ကိုင်အိတ်၊ဆပ်ပြာတွင်ထည့်ရသောဆီစသည်များ အတွက် သတ္တ၀ါများ သတ်ဖြတ်သေကြေမှု၊ပျက်စီးမှုတို့ အတွက် သွယ်ဝိုက်သောနည်း အား ဖြင့်တာဝန်ရှိနေကြပါသည်။

ဇာတ်ဝင်ခန်း

ကျားက လူကိုနိုင်
လူက ဓါးကိုနိုင်
ဓါးက ကျားကိုနိုင်
သုံးပွင့်ဆိုင်ဇာတ်လမ်း
ဇာတ်ဝင်ခန်းမှာ
ဇာအခန်းက ပါပါ
လောကဇာတ်စင်ထက်မှာ
အကွက်တူကေ
ညံ့လူခံလိုက် --။