Friday, February 26, 2010
အမေး။ ။Buddha ဘာသာဝင်တို့သည် သက်သတ်လွတ်သာစားသုံးသင့်သည်ဟုဆိုသင့် ပါသလား။


အဖြေ။ ။ထိုသို့မဆိုသင့်ပါ။Buddha ကိုယ်တိုင်သည်ပင်လျှင် သက်သတ်လွတ်မှီဝဲသူမဟုတ်ခဲ့ပါ။ Buddhaသည်သူဧ။်တပည့်များအားသက်သက်လွတ်စားသုံးရန်ညွှန်ကြားသင်ပြခြင်းမပြုခဲ့ပါ။မျက်မှောက်ကာလာတွင်လည်းသက်သက်လွတ်စားသုံးသူမဟုတ်သော်လည်းကောင်းမွန်မြင့်မြတ်သော် Buddha ဘာသာဝင်များစွာရှိနေပါသည်။

အမေး။ ။အသားကိုစားနေပါလျှင်ထိုသတ္တ၀ါသေဆုံးဖိုကအတွက် စားသုံးသူတွင် သွယ်ဝိုက်သောနည်းအားဖြင့်တာဝန်မရှိဘူးလား။တာဝန်ရှိနေပါလျှင် သူ့အသက်သတ်ခြင်းမှရှောင်ပါ၏ ဟူသောပထမဆုံးသောသီလကို ချိုးဖောက်ရာမရောက်ဘူးလား။

အဖြေ။ ။သင်သည်အသားစားသောအခါထိုသတ္တ၀ါ၏သေမှုတွင် သွယ်ဝိုက်သောနည်းအားဖြင့် လည်းကောင်း၊တစ်စိတ်တစ်ဒေသအားဖြင့်လည်းကောင်း သင့်တွင်တာဝန်ရှိသည် ဆို သည်မှာ မှန်ပါသည်။အသားစားမှသာ မဟုတ်ပါ။အသီးအရွက်ကို စားသည့်အခါတွင်လည်းစားသူသည်သတ္တ၀ါများသေဆုံးမှုအတွက် သွယ်ဝိုက်သောနည်းဖြင့်တာဝန်ရှိနေပါသည်။စိုက်ပျိုးေ၇း သမားတို့ သည် အသီးအရွက် ပိုးမွှားအန္တရာယ်မှကာကွယ်ရန် အတွက် ပိုးသတ်ဆေးများ ကို ပတ်ဖျန်းရပါသည်။လူတို့ အသုံး ပြု သော ဖိနပ်၊ ခါးပတ် ၊လက်ကိုင်အိတ်၊ဆပ်ပြာတွင်ထည့်ရသောဆီစသည်များ အတွက် သတ္တ၀ါများ သတ်ဖြတ်သေကြေမှု၊ပျက်စီးမှုတို့ အတွက် သွယ်ဝိုက်သောနည်း အား ဖြင့်တာဝန်ရှိနေကြပါသည်။
ဤသဘောတရားသည်ပင်သစ္စာတရားလေးပါးအနက် သာမန်သက်ရှိနေထိုင်ခြင်းသည်ဆင်းရဲ၏။ဒုက္ခအတိပြီး၏။ကျေနပ်နှစ်သက်စရာမရှိဟူသောသဘောကို သက်သေပြနေသော်အချက်ဖြစ်ပါသည်။သှူု အသက်သတ်ခြင်းမှရှောင်ကြဉ်ကြောင်းသီလကို ကောင်းစွာစောင့်ထိန်းသော အခါ သတ္တ၀ါ၏အသက်ကို တိုက်ရိုက် သတ်ဖြတ်မှုမှ ကြိုးစားရှောင်ရှားခြင်းပင်ဖြစ်ပါသည်။

မေး။ ။မဟာယာန Buddha ဘာသာဝင်များသည်အသားမစားကြသည်မှာ မှန်ပါသလား။

ဖြေ။ ။ဤအချက်မမှန်ကန်ပါ ။တရုတ်ပြည်တွင် ထွန်းကားသောမဟာယန Buddhaဘာသာတွင် သက်သတ်လွတ်စားသုံးကြရန်အလေးနက်တိုက်တွန်းအားပေးချက်ရှိပါသည်။သို့သော်တိဘက်နှင့်ဂျပန်နိုင်ငံရှိမဟာယာန Buddhaဘာသာဝင်ဘုန်းကြီးများနှင့် လူများသည်အသားကိုစားကြပါသည်။

မေး။ ။ Buddhaဘာသာဝင်တစ်ဦးအဖို့ သက်သတ်လွတ်သာစားသုံးသင့်သည်ဟုကျွန်ုအနေဖြင့် ယူဆနေဆဲဖြစ်ပါသည်။

ဖြေ။ ။လူနှစ်ဦးရှိရာတွင်တစ်ဦးမှာ အသားမစား၊သစ်သီးသစ်ဥကိုသာလျှင်စားသုံးပါသည်။သို့သော်တစ်ကိုယ်ကောင်းဆန်သည်။မရိုးမဖြောင့်ကျင့်သည်။ယုတ်ညံ့သေးသိမ်သော အကျင့်ကျင့်ကြံသည်ဆိုပါစို့။အခြားတစ်ဦးမှာ အသားကိုစားသည်။သို့သော်အခြားလူများအတွက် ကိုယ်ချင်းစာတရားရှေ့ထားသည်။ရိုးသားဖြောင့်မတ်သည်။ကြင်နာသနားတတ်သည်ဆိုပါစို့။ထိုလူနှစ်ဦးတွင်မည်သူသည်ပို၍ကောင်းသော Buddha ဘာသာဝင်ဖြစ်ပါသလဲ။
အသားစားသောသူသည်ဖြူစင်သောနှလုံးသားရှိနိုင်သကဲ့သို့အသားမစားသောသူတွင်လည်းမဖြူစင်သောနှလုံးသားရှနိုင်ပါသည်။Buddha ၏ညွှန်ပြသွန်သင်မှုတွင်အရေးကြီးသည်မှာ သင်စားသောအစာတွင်ပါဝင်သောအစားအစာအမျိုးစား မဟုတတ်ပါ။စိတ်နှလုံးအရည်အချင်းကောင်းမွန်မှုသာလျှင်အဓိ က ဖြစ်ပါသည်။အသားစားသူပင်ဖြစ်စေ၊သက်သတ်လွတ်မှီဝဲသုံးဆောင်သူဖြစ်စေBuddha အရေးကြီးဆုံးမှာ စိတ်ထားဖြူစင်ဖို့ပင် ဖြစ်ပါသည်။

မှတ်ချက်။ ။ဘုန်းဘုန်း Ven.Shravasti Dhammika ရေးသည့် Good Question ,Good Answer စာအုပ်မှ သဘောကျသည်များကို ဖော်ပြထားတာ ဖြစ်ပါသည်။ဒီစာအုပ်လေးကို ဖတ်တာ လွန်ခဲ့တဲ့ နှစ်နှစ်ကျော် က ဘာသာပြန်ဖို့ အခက်ခဲကြောင့်ဘယ်စာမျက်နှာပေါ်မှ မတင်ဖြစ်ခဲ့တာ ပါ ။ဆရာကြီးဒေါတ်တာသိန်းလွင် က မြန်မာ ပြန်ပြီးပြန်ထုတ်ဝေတာ တွေ့လို့ ထပ်ပြီး မြန်မာဘာသာပြန်ဝယ်ဖြစ်ခဲ့တဲ့စာအုပ်လေးပါ။အမှားပါခဲ့ရင် Owl ဘက်ကမှားယွင်းချက်ဘဲဖြစ်ပါတယ်။

(Blog လုပ်ဖို့တိုက်တွန်းပီးစာ၇ီးပါ အစ်မလို့အမြဲတိုက်တွန်းရေကိုယ်တာ် ကိုလေး ကျေးဇူးတင်ပါရေ။Blog ပါလုပ်ပီးရေ တွက်လဲ ကျေးဇူးပါနှမ်း။)
Blog မှာ စာမရေးတော့ဘူးလားအမြဲမေးခံရတာကြာလာတော့ မေးတဲ့လူကို အားနာလာလို့ပါ။)

0 comments:

Post a Comment

Post a Comment