Friday, February 26, 2010
“(ကုံရာသီတပို့တွဲ၊ ရထားပွဲလားကတ်မေ၊သူငယ်ချင်း ယောက်မရို့ နဲ့…ဖော်ချင်းညှိဂတ်တေ/ဖော်ချင်းညှိပါ ရေ…)
ရွှေလပြောင်ပြောင်၊အာကောင်ရောင်၊ကြယ်ရောင်နက©တ်မာဃလေ၊ထိန်ထိန်ပလို့ ၊သာစွလေ။အသူလှရေ ငါလှရေ၊ဆင်ကာယင်ကာ လိုကလိုက်ပြင်လို့၊တပို့တွဲရထားပွဲ ဂုချိန်လေ”
ဆိုတဲ့သီချင်းကို ရခိုင်တစ်မျိုးသားလုံးသိကြတဲ့ သီချင်းတစ်ပုဒ်ပါ…owl တို့ခလေးဘ၀တုန်း က owlတို့ကျောင်းက အမြဲ ကတဲ့ ပင်တိုင် သီချင်းတစ်ပုဒ်လဲဖြစ်ပါတယ်…မြို့မကျောင်းထွက် ကျောင်းသူတော်တော်များများ ကဖူးတဲ့ သီချင်းတစ်ပုဒ်ပါ…( owl မပါဘူး … မကတက်လို့ ..:PPPP)
ဒီသီချင်းကိုရေးစပ်သူကတော့ကျောက်ဖြူမြို့မှဆရာကြီးဦးလုံးဖြစ်ပါတယ်။ဆရာကြီး၏ရထားပွဲအကြောင်းကိုအနုပညာရသမြောက်
အောင်သီကုံးရေးစပ်ထားသည်ကိုနားထောင်ရသည်မှာစိတ်ထဲရင်ထဲတွင်မိမိတို့၏ရိုးရာရထားပွဲကိုအောက်မေ့တမ်းတစိတ်များဖြစ်ပေါ်မိတယ်။ဆရာကြီး ဦးလုံး၏
“ရထားပန်းယိုင်” ရခိုင်ရိုးရာယိမ်းအကသည် သဘာဝကျကာ နားထောင်သူတို့အား ပါဝင်ကာ ဆွဲနေသလို မြင်ယောင်လာစေပါတယ်။ဆရာကြီး၏ ကျေးဇူးကားမေ့ဖွယ်ရာ မရှိနိုင်တော့ပါ။
ဒေ Blog ကိုရခိုင်ပြည်နယ်နိ့ အမှီတင်ဖို့လို့ရည်ရွယ်ထားစော်ပါ…အလုပ်တိများနီစော်နဲ့ …နောက်ပြီးကေခရီးလားခီးစော်ကြောင့်ခုမှ Blog တင်လိုက်ယပါယေ။
ရထားပွဲ၏စိတ်ဝင်စားဖွယ် မှတ်တမ်း
ရခိုင်တို့၏ ရထားပွဲသဘင် အစဉ်အလာသည်ကား မြောက်ဦးခေတ်မင်းဗာဘုရင်လက်ထက်တော်မှ စတင်ခဲ့သည်ဟုဆိုကြပါတယ်။မင်းဗာဘုရင်သည်
ဆရာကြီးသျှင်မြ၀ါ၏အစီအမံဖြင့်မြောက်ဦးမြို့ကိုတည်ထောင်ရာတွင်မြို့ကိုရန်သူများ
အလွယ်တကူမ၀င်ရောက်နိုင်စေရန်လည်းကောင်း၊မြို့၏ဘုန်းကျက်သရေမြင့်မားခိုင်ခံ့ကာ မြို့သက်နှစ်၁၀၀၀ရှည်စေရန်ရည်ရွယ်လျက်အတိတ်နမိတ်ခန်းတို့ကိုတွက်ချက်ကာဓာတ်သွားဓာတ်လာသင့်စေပြီးသော်အင်းအိုင်မန္တရားစီမံလျက်ပြီးစီး
လေသောအခါကြာသပတေးနံတစ်ခုလတ်တလောလိုနေသဖြင့်ရှာဖွေကာ
ကြန့်ကြာမည်ဖြစ်သောကြောင့်ငါပင်လျှင်(ကြာသပတေးသားတည်း)ဟုဆိုကာမိမိ၏ရင်ဝအားဓားနှင့်ခွဲကာ အူကိုထုတ်လျက်မြို့ကွန်ချာကိုတိုင်တွင်ရစ်ပတ်စေပြီးသော်ငါ့အား(သေဆုံးသည့်နေရာတွင်ပင်မြှပ်ကြလေ)ဟုအမှာစကားပြောကာသေဆုံး လေတော့သည်။
မင်းဗာဘုရင်သည်ထိုစကားအားနားမထောင်ဘဲငါ၏ဆရာကိုခွေး၊
ဝက်ကဲ့သို့မမြှပ်နိုင်။တိုင်းပြည်နှင့်လူမျိုးအတွက်အသက်စွန့်သွားရသောမိမိ၏မင်းဆရာ
”သျှင်မြ၀ါ”ကိုခမ်းနားကြီးကျယ်စွာသင်္ဂြုဟ်လိုသည်။ ပြည်သူတို့က
”သျှင်မြ၀ါ”စကားအတိုင်းထိုနေရာတွင်မြှုပ်နှံလိုကြသည်။မြှုပ်နှံရမည့်နေရာကလည်း မသန့်ရှင်းမပြေပြစ် သောနေရာဖြစ်နေသည်။ပြည်သူလူထုက တစ်ဖက် ၊မင်းဆွေမင်းမျိုး များကတစ်ဖက် သဘောမညီဖြစ်ကြရာမှ
“သျှင်မြ၀ါ”၏ရုပ်ကလာပ်ကိုရထားပေါ်တင်ကာတစ်ဖက်တစ်ချက်ကြိုးတပ်ကာအပြိုင်ဆွဲကြသောအခါ မင်းဆွေမင်းမျိုးဘက်မှ အနိုင်ရ၍ “သျှင်မြ၀ါ” ကို ခမ်းနားကြီးကျယ်စွာ သင်္ဂြိုလ်ကြလေသည်။ဤဓလေ့ အစဉ်အလာမှစ၍ ရခိုင်လူမျိုးတို့သည်
“ဦးမြ၀ါ”ခေါ် “သျှင်မြ၀ါ” ၏ကျေးဇူးဂုဏ်ကိုအမှတ်ရသောအားဖြင့် နှစ်စဉ် တပို့တွဲလရောက်တိုင်း ရထားပွဲဆွဲပွဲသဘင် ကျင်းပလာခဲ့ကြလေသည်။ထို့ကြောင့် ရခိုင်တို့၏ ဤရထားပွဲသဘင်သည် ပျော်ရွှင်ဖွယ်ရာ ရိုးရာအားကစားပြိုင်ပွဲ တစ်မျိုးသာမက၊ရခိုင်မျိုးချစ် “သျှင်မြ၀ါ” ကျေးဇူးတရားကိုသိတတ်သောစိတ်အစဉ်ဖြင့် ကျင်းပသောပွဲသဘင်တစ်ခုဖြစ်သောကြောင့် ဂုဏ်ယူမြတ်နိုးဖွယ် “ရခိုင်တို့၏ ရထားပွဲသဘင်” ဖြစ်ပါတော့သည်။ ရထားပွဲမှာ
ဝါးညွှန့်များနှင့်အတူအောင်လံကိုစုစည်းကာထူထားသော သစ်သားစက်ဘီးလေးလုံး တပ်ထားသည့်ရထားငယ်ကိုတစ်ဖက်တစ်ချက်ကြိုးချည်နှောင်၍တစ်ဖက်နှင့်တစ်ဖက်အနိုင်ဆွဲကြသည့်ပျော်ပွဲရွှင်ပွဲတစ်ရပ်ဖြစ်ပါသည်။
ရထားအသွင်အပြင်နှင့် ပတ်သတ်၍ အနည်းငယ် ပြောပြလိုပါတယ်။ရထားကိုလူအများကဆွဲကြသဖြင့်
အထူးခိုင်ခံ့အောင်ပြုလုပ်တပ်ဆင်ရပါသည်။ပထမဆုံး ရထားပေါင်ကိုခိုင်ခံ့အောင်လုပ်ပြီးရထားစက်သီးကိုတပ်
ဆင်ရပါသည်။စက်ဘီးဝင်ရိုးကိုသင်းပင်း၍စိုက်ကာ ဖိုးခေါင်ကြိမ်နှစ်ဖက်ခြမ်းများဖြင့်အထပ်ထပ်ချည်နှောင်ရသည်။
ထို့နောက်ဝါးညွှန့်ကိုရထားညွှန့်ဖြင့်စိုက်ထူပြီး ၀ါးညွှန့်ထက်မှာအောင်ဆုအောင်လံထူရသည်။ရထားဆင်းပြီး
သောအခါ ဆွဲရန်အတွက် အလွန်ခိုင်မာသော ကြိုးနှစ်ပင်ကို တစ်ဖက်တစ်ချက်တပ်ဆင်ရသည်။ရှေးကနွယ်ကြိုး၊
ဝါးကြိုးများကိုအသုံးပြုခဲ့ကြပြီး ယခုအခါ မနီလာသင်္ဘောကြိုးများကို အသုံးပြုကြပါသည်။
ရထားကို ဆွဲကြသည့်အခါ လူသန်ယောက်ျားများကရထားကို နှစ်ဖက်မှနေပြီး ထိန်းပေးရသည်။ ရထား
အပေါ်သို့မြှောက်တက်လာသည့်အခါများ၌ ရထားပေါင်ကို တက်၍ ထိန်းပေးရသည်။ ဆွဲဖန်များ၍ ရထားစက်ဘီး
များတကျိကျိမြည်လာသည့်အခါ ရထား အစာတောင်းသည်ဆိုပြီး ငှက်ပျောပင်ကိုခုတ်၍ ရထားဝင်ရိုး၌ ထည့်ပေးရ
သည်။ ငှက်ပျောပင်ကြိတ်ရာမှ ထွက်လာသည့် အရည်များမှာဆီကဲ့သို့ အသုံးတော်ခံကြရသည်။ရထားကိုများသော
အားဖြင့် ယောကျာ်းကတစ်ဖက်၊ မိန်းမကတစ်ဖက် ဆွဲလေ့ရှိကြသည်။ ရပ်ရွာတစ်ရွာမှာ ရထားချပေးသည့်အခါ ထို
ရွာသားများကို ရွာခံသားဟုခေါ်ဆိုသည်။ ရထားချပေးသည့်ရွာသို့ တခြားရပ်ရွာသားများ လာရောက်ဆွဲကြသည်။ အနိုင်ရသည့် ရွာသားများသည် အလံနှင့်ရထားကိုပါ တစ်ပါတည်းယူဆောင်သွားကြပြီး မိမိရပ်ရွာ၌ တပျော်တပါး
မီးတိုက်ကြသည်။
ရထားပွဲတွင် လူပျို၊ အပျို၊ လူရွယ်၊မင်းကျွန်ခေါ်လူလတ်များ၊ လူကြီး ယောက်ျား၊ မိန်းမအားလုံးပင် ပါဝင်
ဆင်နွဲကြသည်။ ရထားကို တစ်ရပ်လုံး၊ တစ်ရွာပင်လုံးထွက်၍ ဆွဲကြသည်။ သံချပ်ကြီးများ သီဆိုပြီး အိုးစည်ဗုံ
မောင်းများတီးကာ ကခုန်၍ ရထားဆွဲကြမှာ အလွန်ပင်ပျော်စရာကောင်းလှပါသည်။ ရထားပွဲကို ပြင်ကျင်းခေါ်
ကွင်းလယ်ကွင်းပြင်ပများ၌ ကျင်းပလေ့ရှိကြသည်။
ရထားပွဲသဘင်နှင့် ပတ်သတ်၍ ရခိုင်စာဆိုများကစာဖွဲ့ခဲ့ကြသည်။
“ကုန်ရာသီလွဲ၊ တပို့တွဲသည်၊ လွမ်းဖွယ်ပင် ပျော်ရွင်လူ့ရပ်မြီ၊ ရထားသဘင်၊ နှစ်စဉ်ငင်သည့် သောင်းခွင်
ဤလူ့ပြည်ထက်၊ ရွှင်ပျော်ဖွယ်လူတို့၌၊ ရာဇဌာနီ၊ မင်းနေပြည်ဝယ်၊ ထိုထိုဇနပုဒ်၌” စသည်ဖြင့် ဖွဲ့ခဲ့ကြပါသည်။ ။
ဒေ Blog တွက် ကျမ်းအကိုးအကား စာအုပ်များ
- ရက္ခပူရကြေးမုံကျမ်း(ဓည၀တီအောင်ဇေယျ)
- မြတ်ပန်းသဇင်မဂ္ဂဇင်း (ရခိုင်အမျိုးသမီးအသင်း ရန်ကုန် မှထုတ်ဝေသော်)

0 comments:
Post a Comment